ပေါင်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်






MNP ၊ အောက်တိုဘာ  ၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီက မုတ္တမ‌ကျေးရွာ မဂ္ဂဒူး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ပေါင်မြို့နယ် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ‌လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် က အမှာစကားပြောကြားပြီး Commcare application ကိုအသုံးပြုကာ  Mobile Phone တွင်မှန်ကန်စွာ ထည့်သွင်းအသုံးပြု၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရန် စသည့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သင်တန်းကို စာတွေ့၊လက်တွေ့ဖြင့်ပိုချခဲ့ရာ မုတ္တမကျေးရွာအုပ်စုရှိ အိမ်ခြေ ( ၁၀၀ )၊အိမ်ထောင်စု ( ၁၂၅ ) စုကို လက်တွေ့စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ကြသည်။


အဆိုပါ သင်တန်းကိုစာ‌ရေးဝန်ထမ်းနှင့်စာရင်းကောက်မည့်ကျေးရွာသူ/သား များတက်ရောက်ခဲ့ကြပြီး သင်တန်းကို ( ၁ )ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)