သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၇၀၀၀၀၀) ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၇၀၀၀၀၀) ပေးအပ်


MNP ၊ အောက်တိုဘာ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့ စတင်လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်သွယ်သွယ်အေးတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ်(ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ)သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်စီဖြင့် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးအဘိုး(၂၉၂)ဦး၊ အဘွား(၄၉၈)ဦး သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့အတွက် ပေါင်းငွေကျပ်(၂၃၇၀၀၀၀၀)၊ နှစ်ရာသုံးဆယ်ခုနှစ်သိန်း ကျပ်တိတိကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)