သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

52


MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက် (၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးက ကြီးကြပ်မှု့ဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီချိုရောဂါ စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ရာတွင် စက်တင်ဘာ ၁၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးသည့် အငြိမ်းစားဝန်ထမ်း (၂၄)ဦးရှိရာ သွေးတိုးရောဂါတွေ့ရှိသူ (၁၃)ဦး၊ သွေးချိုဆီးချိုရောဂါတွေ့ရှိသူ (၆)ဦးကို အခမဲ့ ဆေးကုသပေးခြင်း ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ (၂၅)ရက်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆက်လက်ကုသပေးလျက်ရှိသည်။ နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုခြင်း ဆောင်ရွက်ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သရက်ခရိုင်တွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတိုင်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကုသရေးဦးစီးဌာနမှ သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages