မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေး



MNP ၊ အောက်တိုဘာ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၀)ရွာတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၉ ရက်နေ့က နှောကုန်း(တောင်) ကျေးရွာနေပြည်သူ (၁၁၇)ဦးတို့လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀)ကို ပြန်လည်၍ ထုတ်ချေးပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


ချေးငွေများ ပြန်လည်ထုတ်ချေးပေးရာတွင်လည်း မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့်ဝန်ထမ်းများက နှောကုန်း(တောင်) ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၁၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၇)ဦးစုစုပေါင်း (၁၁၇)ဦးတို့ကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀)ကို ထုတ်ချေးပေးခဲ့ကြပြီး မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းများ ကိုကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်လည်း နှောကုန်း(တောင်) ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း (၃၀၀)ဖြင့် (၂၀၂၁-၂၀၂၂) ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄)ခု၊  ဘဏ္ဍာရေးနှစ် အောက်တိုဘာလအထိ ချေးငွေကျပ် သိန်း(၃၄၀)၊ အတိုးရငွေကျပ်(၄၇)သိန်းဖြင့် လည်ပတ်လျက်ရှိကြောင်းလည်း သိရသည်။


ဝင်းဇော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)