နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ

082

083


MNP ၊ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့၊ နေ့လယ် (၁၂)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(တောင်ငူ)ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အဓိကအကောင်အထည်ဖော်သော လုပ်ငန်း(၃)ခုရှိကြောင်း၊ ၎င်းတို့မှာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး(HRD)၊ သုတေသနဖွံ့ဖြိုးရေး(R&D)နှင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်(၃)ခုအနက်တစ်ချက်ဖြစ်သည့် လူငယ်များအသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များထွန်းကားလာစေရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ အတွက်အချက်နည်းပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာ၊ လေကြောင်းနှင့် အာကာသပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများချမှတ်၍ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နည်းပညာတက္ကသိုလ်(တောင်ငူ)အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမ(၉၇)ဦး၊ စီမံရေးရာဝန်ထမ်း(၅၆)ဦးနှင့် စီမံသင်ကြားကိစ္စရပ်များကို ISO (9001:2015) အရည်အသွေးစီမံခန့်ခွဲမှုစနစ်ဖြင့်ဆောင်ရွက်ပြီး ဘွဲ့ကြိုသင်တန်း(၆)ခု၊ ဘွဲ့လွန်သင်တန်း(၄)ခုဖွင့်လှစ်သင်ကြားလျက်ရှိရာ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ(၇၇၆)ဦးနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး စုစုပေါင်း(၇၉၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုမိတ်ဆုံစားပွဲကိုကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။


ဇော်ကိုကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages