နောင်ချိုနှင့် ရပ်စောက်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နောင်ချိုနှင့် ရပ်စောက်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးဝါးများ ဖမ်းဆီးရမိ

017

018


MNP ၊ အောက်တိုဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောက်တိုဘာလ ၁၇ ရက်နေ့  ည ၈ ၀၀ နာရီအချိန် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးဘက်မှ မန္တလေးဘက်သို့ ခိုင်ခန့်သူအောင် မောင်းနှင်ပြီး ကောင်းမြင့်ခန့် နှင့် မစုမြတ်ဝတီ တို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် ၎င်းတို့သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၁.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ခိုင်ခန့်သူအောင်(၂၁)နှစ်၊ ကောင်းမြင့်ခန့်(၂၁)နှစ် နှင့် မစုမြတ်ဝတီ(၂၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၃ ၀၀ နာရီ အချိန် ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်တွင် မောင်ဌေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မောင်ဌေး(၄၀)နှစ်အား ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages