တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ    ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းများ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။


အဆိုပါဟောပြောပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ သာသနာရေးဦးစီးမှူး ဦးနီ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာလီနိုင်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရင့်နောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးဆောင် ကော်မတီဝင်များတက်ရောက်ပြီး အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ဇာလီနိုင်က သာသနာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးနီက သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပြီး၊ ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး၊ ဘုရင့်နောင်ရပ်ကွက်(ပိန်းတော) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀ ဦး တက်ရောက်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)