ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ


MNP ၊ အောက်တိုဘာ  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၅)နှစ်နှင့် အထက် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။ ထို့နောက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဆရာကန်တော့ချိုးဖြင့် ကန်တော့၍ ဂါရဝပြု ပူဇော်ငွေများပေးအပ်ခဲ့ရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာမကြီး တစ်ဦးက ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲသို့ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး ကလေးမြို့နယ်အတွင်းရှိ အသက် (၇၅)နှစ်နှင့် အထက်ရှိ အငြိမ်းစား ဆရာကြီး/ ဆရာမကြီး စုစုပေါင်း (၂၀)ဦးကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်းစီ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)