ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ရေလွှမ်းမိုးခံရသည့်အိမ်ထောင်စုများအား ထမင်းဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်ဆေးဝါးများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ရေလွှမ်းမိုးခံရသည့်အိမ်ထောင်စုများအား ထမင်းဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်ဆေးဝါးများလှူဒါန်း



MNP ၊ အောက်တိုဘာ    ၁၃

ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးခံရသည့်ရွာများသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှဦးဆောင်၍ ထမင်းဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်ဆေးဝါးများအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။


ပဲခူးမြို့နယ်သို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၃) ရပ်ကွက် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ကျောင်း ပဓာနနာယကဆရာတော် ဒေါက်တာအရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ) ဦးဆောင်ပြီး ပါရမီရှင်ကမ်းလက်ပရဟိတအသင်းမှ ဒေါ်ဝင်းဝင်းအောင်နှင့်အဖွဲ့ စေတနာရှင်ပရဟိတ ကုသိုလ်တော်ဖြစ်အသင်းမှ ကိုဝေဖြိုးအောင်နှင့်အဖွဲ့၊ ဒဂုံမေတ္တာလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ပဲခူးအုတ်ဖို၊ ကျုံရိုး၊ အုတ်ဖိုကျုံရုံး၊ ကျွဲဒညင်းကုန်း၊ ကျုံနကန်၊ ကျိုက်ဒေးရုံ၊ ဇိုင်းဂနိုင်းကျေးရွာသို့ ရေဘေးသင့်ပြည်သူများအား ထမင်းဘူး ၃၂၅၀ ဘူး၊ ရေသန့်ဘူးများ မုန့်များနှင့် ဆေးဝါးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)