ကျောက်ဆည်မြို့နယ်တွင် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှမ်းရိုးသဘာဝမြေဆွေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှမ်းရိုးသဘာဝမြေဆွေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြ



MNP ၊ အောက်တိုဘာ   ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါ်များပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှမ်းရိုးသဘာမြေဆွေးပြုလုပ်နည်းများ လက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


နှမ်းရိုးသဘာဝမြေဆွေးပြုလုပ်ရာတွင် တောင်သူများလက်တွေ့သိရှိ အသုံးပြုနိုင်ရန်အတွက် အလျား (၄)ပေ၊ အနံ(၃)၊ အမြင့်(၃)ပေရှိ သဘာဝမြေဆွေးပြုလုပ်နည်းများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း၊ ပြုလုပ်ရာတွင် အကာအရံအတွက် ဝါးကပ်ကြမ်းနှင့်ဝါးတိုင်များ၊  နှမ်းရိုးများ၊ ဖွဲနု၊ အသင့်သုံး (EM)အရည်နှင့် လေလုံစေရန်အတွက် ဖုံးအုပ်ရန် ပလပ်စတစ်အပါးစများ အသုံးပြုရကြောင်း၊ စတင်ပြုလုပ်ပြီး (၁၄)ရက်အကြာတွင် သဘာဝမြေဆွေးအဖြစ် ပြောင်းလဲသွားပြီး အသင့်အသုံးပြုနိုင်ကြောင်းနှင့် စပါးတစ်ဧအတွက် အလျား (၄)ပေ၊ အနံ(၃)၊ အမြင့်(၃)ပေ နှမ်းရိုးသဘာဝမြေဆွေး ပြုလုပ်သုံးစွဲမည်ဆိုပါက  အပုံ(၆)ပုံပြုလုပ်ရကြောင်း သိရသည်။


သဘာဝမြေဆွေးပြုလုပ်ရာတွင် တိရိစ္ဆာများ၏အညစ်အကြေးများ၊ စွန့်ပစ်အသီး၊ အရွက်၊ အရိုး စသည်တို့ဖြင့် အမျိုးမျိုးပြုလုပ်နိုင်ပြီး အလျား(၆)ပေ၊ အနံ(၄)ပေ၊ အမြင့်(၃)ပေ အရည်အသွေးပြည့် နွားချေး သဘာဝမြေဆွေး ပြုလုပ်မည်ဆိုပါက ဝါးကပ်ကြမ်းဝယ်ယူရန်အတွက် ငွေ(၁၁၀၀၀)ကျပ်၊ ဝါးတိုင်ဖိုး (၁၃၀၀၀)ကျပ်၊ နွားချေးဖိုး (၁၃၀၀၀)ကျပ်၊ ဖွဲနုဖိုး(၂၉၀၀၀)ကျပ်၊ ပလပ်စတစ်ဖိုး(၁၇၀၀)ကျပ်၊ အသင့်သုံး (EM)ဖိုး (၁၅၀၀၀)ကျပ် ကုန်ကျစရိတ်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများတွင် သဘာဝမြေဆွေး အသုံးပြုပါက ကုန်ကျရိတ်သက်သာပြီး ရောင်းချရာတွင်ဈေးကောင်းရရှိကာ စားသုံးသူပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွှတ်ပြီး၊ ဓာတုဓာတ်ကင်းသည့် အစားအစာများရရှိမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)