မန္တလေးစွယ်တော်မြတ်စေတီ၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့်(နဝမ)အကြိမ် ဆွမ်းတော်ကြီး လောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မန္တလေးစွယ်တော်မြတ်စေတီ၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့်(နဝမ)အကြိမ် ဆွမ်းတော်ကြီး လောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

78

79


MNP ၊ အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး၊ မန္တလေး-ရန်ကုန်လမ်းဟောင်းဘေးတွင် တည်ထားကိုးကွယ်တော်မူထားသည့် မန္တလေးစွယ်တော်မြတ်စေတီတော်ကြီးတွင် လာမည့်သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီးမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့် နဝမအကြိမ် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားပရဝုဏ်အတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စွယ်တော်မြတ်စေတီဂေါပကဥက္ကဋ္ဌ၊ ဦးအောင်ကြည်နှင့်အတွင်းရေးမှူးဦးစန်းယုတို့က လုပ်ငန်းများအောင်မြင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်ဖွဲ့စည်း တာဝန်ပေးအပ်ထားသော​ဆပ်ကော်မတီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


စိုးသီဟ

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages