လဲချားမြို့နယ် (အ-ထ-က)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ် (အ-ထ-က)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ




MNP ၊ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်( အ-ထ-က )ကျောင်းတွင် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က(လဲချား) ပုလဲဆောင်ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြတ်ဖို့ဆိုရင် အတွေ့အကြုံဗဟုသုတများစွာ လိုအပ်ကြောင်း၊ ပြောရဲဆိုရဲပြီး နှုတ်မှုစွမ်းရည်တိုးတက်စေဖို့ စာပေကနေ ဗဟုသုတရရှိပြီး သူငယ်ချင်းအချင်းချင်း အသိပညာမျှဝေတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပါဝင်ဆွေးနွေးရဲသည့် အတွေ့အကြုံနှင့် အသိဥာဏ်ပညာ ရင့်ကျက်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ အဖွင့်အမှာစကားပြောကြားကာ ကျောင်းသား/သူများမှ စကားဝိုင်းကို ဆွေးနွေးခဲ့သည်။


အဆိုပါ လူငယ်စကားဝိုင်းတွင် Grade-(11)မှ ကျောင်းသား ဗစ်ဂျမင် က စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသူ နန်းလောဝ်ငင်း က လူငယ်နှင့်ကြီးပွားရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်လှိုင်ဖြိုးအောင် က မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မယွန်းဝတီမင်း က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လည်း​ကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။


ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများ၏ မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသော ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့် စကားဝိုင်းပါဝင်ဆွေးနွေးသူ ကျောင်းသား/သူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)