သံတွဲမြို့၌ ဒွါရာဝတီကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ ဒွါရာဝတီကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၉

သံတွဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဘောလုံးဝါသနာရှင်များ စုပေါင်းကျင်းပသည့် ဒွါရာဝတီကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက သံတွဲခရိုင် မြို့မအားကစားပြိုင်ကွင်း၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာနိုင်ငံတော်အလံအားအလေးပြုကြပြီး သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်အား စုပေါင်းရွတ်ဆိုခဲ့ကြသည်။၎င်းနောက် ဒွါရာဝတီ ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စင်တော်ကောက်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းရွှေက ကလပ်အသင်း (၁၃)သင်းအတွက် ထောက်ပံ့ငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် (၁၃)သိန်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ တစ်သိန်း စုစုပေါင်း (၁၄)သိန်းအား ပေးအပ်လှူဒါန်းရာ ပြိုင်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်မောင်ကလက်ခံရယူခဲ့ကြောင်းသိရသည်။


အဆိုပါပြိုင်ပွဲသို့ ကလပ်အသင်း(၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး အောက်တိုဘာ ၅ ရက် နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိတစ်ပတ်လျှင် (၃)ရက်ဖြင့် (၃)လကြာ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)