ကျိန္တလီမြို့ အ.ထ.က (ခွဲ)စေတီကွင်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ အ.ထ.က (ခွဲ)စေတီကွင်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ







MNP ၊ အောက်တိုဘာ   ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ အ.ထ.က(ခွဲ)စေတီကွင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများတိုးပွားလာစေရန်နှင့် လူငယ်များ အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်၍ ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်လာမည်ဖြစ်ကြောင်း လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်သန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10 မှ မောင်အောင်မြတ်စိုးက “လူငယ်နှင့်အသိပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မောင်တိုးဝေဖြိုးက “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မယွန်းနဒီခင်က “လူငယ်နှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ  မကျော့ကျော့ခိုင်က “လူငယ်နှင့်မူးယစ် ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မအိရတီထွန်းက “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား /သူများက သိရှိလိုသည်များကို မေမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင် များနှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှု ခဲ့ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)