ဒိုက်ဦးမြို့နယ်၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဒိုက်ဦးမြို့နယ်၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

58


MNP ၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်လေးပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူးဒေါ်ထားထားဦးက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂၅-၁၀-၂၀၂၃မှ ၂၆-၁၀-၂၀၂၃)အထိ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages