စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ






MNP ၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘိုစက်မှုဇုန်အတွင်းရှိ တစ်ရက်လျှင် တန် ၁၀၀ ကျသည့် တိုးတိုးဆန်စက်၊ တစ်ရက်လျှင် တန် ၅၀ ကျသည့် မိဘဂုဏ်ဆန်စက်နှင့် တစ်ရက်လျှင် တန် ၁၅၀ ထုတ်လုပ်နေသည့် KT မွေးမြူရေးအစာတောင့်စက်ရုံနှင့် အေးရွှေစင်ဆီစက်လုပ်ငန်းများသို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စပါးကြိတ်ခွဲထုတ်လုပ်နေမှု၊ မွေးမြူရေးအစာတောင့်ထုတ်လုပ်နေမှု၊ မြေပဲဆီသန့်နှင့် နှမ်းဆီသန့် ထုတ်လုပ်နေမှု၊ ကုန်ကြမ်း လုံလောက်စွာရရှိမှု၊ ထုတ်ကုန်များကို အရည်အသွေးမြင့်စေမားစေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိကာ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၍ ဈေးကွက်သို့ ကုန်ပစ္စည်းလုံလောက်အောင် ထုတ်လုပ်တင်ပို့ရောင်းချနေမှု၊ လျှပ်စစ်ဓာတ်အားနှင့် လုပ်သားရရှိမှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်မှုများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စက်ရုံများအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ရွှေဘုံရတနာမင်္ဂလာနန်းတော်သို့ ရောက်ရှိရာ နန်းတော်အတွင်းရှိ ရှင်းလင်းဆောင်နှင့် ရုံးခန်းအဆောက်အဦပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နန်းတော်တာဝန်ခံနှင့် တည်ဆောက်ရေးတာဝန်ခံတို့မှ ရှင်းလင်းဆောင်နှင့် ရုံးခန်း အလျား - ၆၅ ပေ၊ အနံ - ၃၈ ပေ RC ၁ ထပ် အဆောက်အဦသစ် ဆောက်လုပ်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရွှေဘုံရတနာမင်္ဂလာနန်းတော်အတွင်းရှိ နန်းတော်နှင့် ရှေးဟောင်းအဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ ဆေးရုံအုပ်ကြီးက ဆေးကုသမှုအခြေအနေ၊ ဆေးသိုလှောင်ထားရှိမှု၊ ဆေးကုသဆောင်အဆောက်အဦများကြံ့ခိုင်မှုနှင့် ဆေးရုံ၏ လိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဝန်ကြီး ဦးဝင်းမြတ်စိုးက ဖြည့်စွက်တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် အဟာရဖြည့်စွက်စာများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း အလျား - ၁၅၀ ပေ ၊ အကျယ် - ၁၄ ပေ၊ ၈ လလ်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုနှင့် ဆေးရုံအနောက်ဘက် အုတ်တံတိုင်းကာရံခြင်း အလျား - ၄၀၀ ပေ၊ အမြင့် - ၇ ပေ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ရှိ ပုခန်းကျောင်းတိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရွှေဘိုခရိုင် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ တရားဥပဒေစိုးမိုးစေရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အလွင့်အလမ်းများရရှိစေရေးတို့အတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအား တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းများဆောင်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူများအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးထံ ငွေကျပ် - ၁၀ သိန်းတို့အား အသီးသီး ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)