လွိုင်လင်မြို့နယ် ၊ ခဲလောင်းကျေးရွာတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ် ၊ ခဲလောင်းကျေးရွာတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ




MNP ၊ အောက်တိုဘာ    ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ခဲလောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း(မူလွန်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပါသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးကံစောလှိုင်နှင့် အဖွဲ့ဝင် ဦးခွန်ထွန်းမောင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး ၊ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ ဒေါ်အေးအေးသန်းနှင့် ခဲလောင်းကျေးရွာ မိဘပြည်သူတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ထို့နောက် အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကာ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။


ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ ရှေးဦးစွာ ခဲလောင်းကျေးရွာမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ခရိုင်စီမ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ၊ ခရိုင်ပညာရေးမှူးနှင့် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ စီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန်းတို့က အသီးသီးအမှာစကားပြောကြားကြသည်။ဆက်လက်၍ ကျောင်းအဆောက်အဦနှင့် သက်ဆိုင်သောစာရွက်စာတမ်းများပေးအပ်ခြင်း ၊ လူထုဖွံ့ဖြိူရေးရန်ပုံငွေ ကျပ်သိန်း(၁၄ဝ)ပေးအပ်ခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ခြင်းတို့ကို သတ်မှတ်အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် ကျောင်းသား/သူလေးများမှ ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြပြီးနောက် အထက(၁)လွိုင်လင်မှ ကျောင်းသား/သူလေးများက တို့ကျောင်းတော်သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်သည်။


အဆိုပါကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ ၊ အနံ ၃၀ ပေ ၊ တစ်ထပ်ကျောင်းဆောင်  ၊ အလူဇင့်မိုး ၊ အုတ်ကာ ၊ အင်္ဂတေခင်းဖြစ်ပြီး စာသင်တန်း ၅ ခန်း ပါဝင်ကြောင်း နှင့် အလံတိုင် (၁)တိုင် ၊ ၅ ခန်းတွဲရေလောင်အိမ်သာ(၁)လုံး ၊ ၄ ပေ ပတ်လည်ရှိ ရေလှောင်ကန် (၂)ကန် ၊ ဆရာစားပွဲ /ကုလာထိုင် (၅)စုံ ၊ ကျောင်းသား စာရေးစားပွဲ /ထိုင်ခုံ (၅၀)စုံ နှင့် White Board ( ၁၀ ) ချပ် စသည်တို့ကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့မှ ဆောက်လုပ်ပေးခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေမှာ ကျပ်  (၉၈၅၅၅၇၀၉)သိန်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ အသိပညာပေးနံရံကပ်စာစောင်။ ဓာတ်ပုံပြပွဲ နှင့် စာအုပ်ပြပွဲများကို ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများက သွားရောက်ပြသပေးခဲ့ကြောင်းသိရသည်။


လွိုင်လင်မိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)