ဟိုပင်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်ကြီးကုန်း)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဟိုပင်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်ကြီးကုန်း)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်

57


MNP ၊ အောက်တိုဘာ  ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်ကြီးကုန်း)တွင် ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲ ၁နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက ကျောင်းသား/သူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပညာရေးကဏ္ဌအပြင် စာရိတ္တမြင့်မားစေရန်နှင့် အတတ်ပညာ၊ အသိပညာ ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်/စာပေများကို ဖတ်ရှုလေ့လာကြရန် အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် နံရံကပ်စာစောင်ပြပွဲတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ၊ စာအုပ်/စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။


လင်းသွယ်သွယ်ဦး 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages