လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိပဲ ယာဉ်မောင်းနှင်သူများကို အရေးယူမှုများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိပဲ ယာဉ်မောင်းနှင်သူများကို အရေးယူမှုများ ဆက်လက်ဆောင်ရွက်

72

73

74


MNP ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိပဲ ယာဉ်မောင်းနှင်သူများအား အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖမ်းဆီးအရေးယူခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ဘူတာလမ်း၊ မိုတယ်ရှေ့တွင်လည်းကောင်း၊ ရပ်ကွက်(၇) ရန်ကင်းလမ်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


သတ်မှတ်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို လိုက်နာမှုမရှိပဲ ယာဉ်မောင်းနှင်သူများအား ဖမ်းဆီး အရေးယူမှုများမပြုလုပ်မီ ပညာပေးအနေဖြင့် မြို့တွင်းရှိ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်းသို့ သုံးရက်တိုင်တိုင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အရေးယူဆောင်ရွက်မှုဆောင်ရွက်ခြင်းစတင်သည့် ပထမနေ့တွင် လားရှိုးမြို့ ဘူတာလမ်း ၊ ပြည်နယ် ရဲရုံးရှေ့ ၊ မန်ဆူဂိတ် နှင့် ခိုင်ရွှေဝါလမ်းတို့တွင်  တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။


အရေးယူဆောင်ရွက်ရာတွင် မော်တော်ယာဉ်များအနေဖြင့် မော်တော်ယာဉ်နှစ်ထပ်ရပ်ခြင်း၊ အသက်ကယ် ထိုင်ခုံခါးပတ်အသုံးမပြုခြင်း၊ မရပ်ရနေရာတွင် ယာဉ်ကိုရပ်ခြင်း ၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်မပါပဲ မော်တော်ယာဉ်မောင်းနှင်ခြင်း ၊ မော်တော်ယာဉ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားရှိသည့်ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ထားမှုမရှိခြင်း၊ မော်တော်ဆိုင်ကယ်အနေ ဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း ၊ ဆိုင်ကယ်နောက်ကြည့်မှန်မပါရှိခြင်း၊ မော်တော်ဆိုင်ကယ်အား နှစ်ဦးထက်ပိုမိုတင်ဆောင်စီးနင်းခြင်း၊ အိတ်ဇောရှိ အသံထိန်းကိရိယာမပါပဲမောင်းနှင်ခြင်း၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်မပါရှိခြင်းတို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages