ကျုံပျော်တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းများ ဆောင်ရွက်


MNP ၊ အောက်တိုဘာ    ၁၃

ပြည်သူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းကိုကျုံပျော်မြို့နယ်၊ ရေစခန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယ တိုင်ရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က ရေစခန်း ကျေးရွာ အ-ထ-က ရှိ  ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး၊ လတ်တလော မျက်စိနာရောဂါ ကာကွယ်ကုသနည်း၊ သက်ရှည် ကျန်းမာအောင် စားသောက် နေထိုင်နည်း စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောပြီး မိမိတို့ဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကား ဖြန့်ဝေဆောင်ရွက်ခဲ့သည်။


ထို့နောက် မြို့နယ် ဒု-တိုင်းရင်းဆေးမှူး ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ (၁၃၀)ဦး‌အား  တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး  အခမဲ့ ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းများ လာရောက် ဆောင်ရွက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း  သိရသည်။


လပြည့်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)