တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP ၊ အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် မွန်းလွှဲ ၂ နာရီက အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးထိန်လင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် အကြောင်းအရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ရပ်ကွက်၊ ‌ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်လွှာကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ သန်းခေါင်စာရင်းပစ္စည်းများကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် စာရင်းကောက်များအား ခန့်အပ်လွှာကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရေးမှူး ဦးထွန်းလင်းတို့က အသီးသီးပေးအပ်ပြီး တာလော့ရပ်ကွက်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ရှမ်းပြည်နယ်ရှိ တာချီလိတ်မြို့နှင့်‌ လောက်ကိုင်မြို့အပါအဝင် နိုင်ငံတစ်ဝန်း မြို့နယ် ၂၀ တွင် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ တစ်အိမ်တက်ဆင်း Tablet များဖြင့် ကွန်ပြူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (CAPI)နှင့် မေးခွန်းပုံစံ(PAPI)တို့ဖြင့် အိမ်ထောင်စုမေးခွန်းပုံစံ ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ ၁၈ ခုတို့ကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


သန်းဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)