မောက်မယ်မြို့နယ်ထွက် သဘာဝတောင်ယာသခွါးသီး စိုက်ပျိုးတောင်သူများ စျေးကောင်းရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မောက်မယ်မြို့နယ်ထွက် သဘာဝတောင်ယာသခွါးသီး စိုက်ပျိုးတောင်သူများ စျေးကောင်းရရှိ

31


MNP ၊ အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ တောင်ပေါ်ကျေးလက်ဒေသများတွင် သဘာဝတောင်ယာသခွါးသီးစိုက်ပျိုးသည့် တောင်သူမိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိပြီး စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။


မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးကိုအခြေခံသည့်မြို့ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း လယ်ယာနှင့် ရာသီသီးနှံဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိသားစုအတွက် စားသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြသည်။


တောင်ယာသခွါးသီးများကို ဇွန်၊ ဇူလိုင်လများတွင် ပဲပုပ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ တောင်ယာစပါးများစိုက်ပျိုးချိန် တောင်ပေါ်ဒေသတောင်ယာခြံများ၏ ဘေးပတ်ပတ်လည်တွင်  မျိုးစေ့ကြဲချထားပြီး တိုင်ထောင်ရန်မလို၊ မြေသြဇာထည့်ရန်လည်းမလိုအပ်ပဲ မြေကြီးပေါ်တွင် သဘာဝအလျောက်သီးနေကြောင်း၊ ရက် ၆၀ ကျော်လျှင် အသီးလှိုင်လှိုင်ထွက်ရှိကာ စတင်ခူးဆွတ်နိုင်ကြောင်း၊ အရင်းအနှီးနည်းနည်းဖြင့် မြန်မြန်ဆွတ်ခူးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန် တောင်ယာခြံများ၏ ဘေးပတ်ပတ်လည်တွင် တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မောက်မယ်မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးတွင် သခွါးသီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အလုံးပေါ်မူတည်၍ ရောင်းချရလျက်ရှိကြောင်း တောင်ပေါ်ကျေးရွာနေ တောင်ယာခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ရှင်းပြခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages