မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့်ဒေသဖွံ့ဖြိုးရေးအတွက်ကွင်းဆင်းဆောင်ရွက်၊လမ်းစည်းကမ်း၊ယာဥ်စည်းကမ်း အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့်ဒေသဖွံ့ဖြိုးရေးအတွက်ကွင်းဆင်းဆောင်ရွက်၊လမ်းစည်းကမ်း၊ယာဥ်စည်းကမ်း အသိပညာပေးဟောပြော





MNP ၊ အောက်တိုဘာ   ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည် ယနေ့နံနက်၁၀နာရီက ဘူးရေမျက်ကျေးရွာသို့သွားရောက်ပြီး ဘူးရေမျက်ကျေးရွာ သိရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက်ဆွေးနွေးခဲ့ကြသည်။


ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊စည်းရုံးရေး စသည့် လိုအပ်ချက်များကိုတင်ပြ ဆွေးနွေးနိုင်ရန်  လာရောက်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားသည်။ 


  ထို့နောက် စစ်ကြောင်းတွင် ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးလက်နေ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာန ဆိုင်ရာများကဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


     ယင်းနောက် စစ်ကြောင်းတွင် ပါဝင်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေးနှင့်လမ်းစည်းကမ်း၊ယာဥ်စည်းကမ်း အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)