ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာတွင် ဗီယက်နမ်မြေပဲမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာတွင် ဗီယက်နမ်မြေပဲမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

102

103


MNP ၊ အောက်တိုဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာ၊ တောင်သူဦးဝင်းနိုင်၏ ကိုင်းမြေ (၁၀)ဧကတွင် ဆီထွက်သီးနှံ ဆောင်းမြေပဲ စိုက်ပျိုးမှုအောင်မြင်စေပြီး မြေပဲအထွက်တိုး၍ ဆီဖူလုံမှုနှင့်ဖူလုံပိုလျှံစေရန်အတွက် ဗီယက်နမ်မြေပဲမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီမှူး ဦး‌အောင်မြင့်‌ထွေးက ဗီယက်နမ်မြေပဲမျိုးစိုက်ပျိုးမှု စိုက်နည်းစနစ်များအားရှင်းလင်း ပြောကြားပေးခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဒေသခံတောင်သူများက ဗီယက်နမ် မြေပဲမျိုးများအား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဇော် 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages