MNP ၊ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁ ရက်၊ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လယ်ကိုင်းကျေးရွာအနီး ပွင့်ဖြူ-မင်းဘူးသွား ကားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားကြောင်း သိရ၍ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ပြည်သူ့အကျိုးပြု သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းမပေါ် လဲကျသည့် ဖျောက်ဆိပ်ပင်ကြီးမှာ ပင်စည်လုံးပတ် ၆ ပေခန့် ၊ အမြင့်ပေ ၄၀ ခန့်ရှိကာ ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေသားခိုင်မာမှုမရှိ၍ ပင်စည်ခြေရင်းမှ လဲကျပြီး ပွင့်ဖြူ-မင်းဘူးသွားကားလမ်းမပေါ်သို့ ကျရောက်လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ယင်းသစ်ပင်လဲကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ယခုအခါ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment