ရသေ့တောင် မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်




MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင် မြို့ နယ်၌  မုန်တိုင်းအန္တရယ်အသိပေးနှိုးဆော်ခြင်းကိုယနေ့ နေ့လည်(၁)အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်းပါဝင်သောအဖွဲ့က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက်(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၄ ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)အခြေအနေ(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)“ဟမွန်း”(HAMOON)သည် အရှေ့မြောက်ဘက် သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက် - အနောက် မြောက်ဘက် ရေမိုင် (၃၅၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၂၇၅)မိုင်ခန့်၊ မောင်တောမြို့(Maungdaw) ၏ အနောက် --အနောက်တောင်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့(Paradip)၏ အရှေ့တောင်ဘက် ရေမိုင် (၁၁၀)မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင် - အနောက် တောင်ဘက် ရေမိုင် (၂၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ‌ကြောင်းအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။


ရသေ့တောင် မြို့နယ်တွင်  မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက်အများပြည်သူသွားလာရာလမ်းများ၊ဘုတ်ဆိပ်၊ ‌သင်္ဘောဆိပ်နှင့်လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)