MNP ၊ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော အသား( အမဲ၊ ဝက်၊ ဆိတ်) ဈေးနှုန်းများအား အမဲသားတစ်ပိဿာ (၁၂၀၀၀/-)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀/-)၊ ဆိတ်တစ်ပိဿာ (၁၆၀၀၀/-)ကျပ်ဖြင့် အသားဈေးနှုန်းများအား အသားရောင်းချရာနေရာတွင် ဈေးတာဝန်ခံနှင့် တာဝန်ကျဝန်ထမ်းများမှ အသံချဲ့စက်ဖြင့် ကြေငြာခြင်း၊ သတ်မှတ်ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲထားခြင်းတို့ ဆောင်ရွက်ထားရှိပြီး အသားအရောင်းဆိုင်များအနေဖြင့်လည်း သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment