MNP ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများ က စာကြည့်တိုက်သို့် မလာရောက်နိုင်သည့်နိုင်ငံ့ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာအုပ်များငှါးရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်စာရင်းစစ်ရုံး သို့သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလက်ရှိရာတွင် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့်ဝန်ထမ်းများ အတွက် သုတ၊ရသစာအုပ်များ ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင် များ ငှါးရမ်းပေးခြင်းနှင့်ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းများကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment