ရေကြီးနစ်မြှုပ်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြီးနစ်မြှုပ်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ




MNP ၊ အောက်တိုဘာ    ၁၅   

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းက ရေကြီးနစ်မြှုပ်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကျွန်းသာယာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ ပြီး ကျောင်းတွင်းရှိ ရေသန့်စင်စက်များ ပြန်လည်ပြင်ဆင်သွားရန်နှင့် လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ခေတ်မီကလေးကစားကွင်းများ တပ်ဆင်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေဿကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဆေးကျွန်းရပ်ကွက်၊ အဝေရာလမ်း၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီအစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် ရေသန့် စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ရေသန့်အခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဟံသာဝတီရှေးဟောင်းကျုံးအတွင်းရှိ အမှိုက်များ၊ ဗေဒါပင်များအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာနှင့် လွတ်ကင်းမှု မရှိသော ထရန်စဖော်မာများအား ရွေ့ပြောင်းရန်၊ ကျုံးအတွင်း ရေသွင်း/ရေထုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက် ရှိ ရေကျော်ခဲ့သော ညောင်ဝိုင်းရေတားတာဘောင်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေဝင်ရောက်မှုမရှိစေရေး ရေတားတာဘောင်များ ပြန်လည်အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး မြို့မဈေးအတွင်း ဆီကုန်သည်များအသင်းက စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)