ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား ကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ ၃

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် (၁-၁၀-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများက Technical Audit Team ၏ Overview Report အရဆောင်ရွက်ရမည့် လုပ်ငန်း(၄၆၁)ချက်နှင့် Remaining Work (၁၉၁) ချက်တို့နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး အကြံပြုချက်များအပေါ် ဆောင်ရွက်မှု၊ Danieli Technical Report ပါ အချက်အလက်များအပေါ် ဆောင်ရွက်မှု၊ Water Treatment Technical Team ၏ First Lift Pump House, Second Lift Pump House, Drinking Water Plant နှင့် Water Treatment Plant တို့၏ ရေသန့်စင်မှုစနစ်နှင့်စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံရှိစက်ပစ္စည်းကိရိယာများ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို မှတ်တမ်းထားရှိရန်၊ ပြုပြင်ပြီး စက်ပစ္စည်းကိရိယာများကိုလည်း ပျက်စီးမှုမရှိစေရေးအတွက် စစ်ဆေးစမ်းသပ်မောင်းနှင်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံ၏သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ရန်နှင့် အလုပ်ရုံခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် စက်ပစ္စည်းများအား ကိုင်တွယ်မောင်းနှင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအလိုက် ပုံမှန်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပထမအဆင့်ရေတွန်းအလုပ်ရုံ၊ ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံနှင့် စွန့်ပစ်အပူသုံးဘွိုင်လာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)