ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်ဟောင်း ဖြိုချရှင်းလင်းအပြီး မဟာမင်္ဂလာအခမ်းအနားများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဆရာတော်များ ကြွ‌ရောက်ကြည့်ရှု - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်ဟောင်း ဖြိုချရှင်းလင်းအပြီး မဟာမင်္ဂလာအခမ်းအနားများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဆရာတော်များ ကြွ‌ရောက်ကြည့်ရှု

30


MNP ၊ အောက်တိုဘာ  ၁၆

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ် တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာစေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ၂၀၂၂ခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက်(၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျ ပျက်စီးခဲ့သည်။


ပြိုကျပျက်စီးခဲ့သော တာဝတိံသာစေတီတော်မြတ်ကြီးအား အသစ်တစ်ဖန် ပြန်လည်တည်ထားနိုင်ရေးအတွက် စေတီတော်အဟောင်းအား ဖျက်သိမ်းနိုင်ရေးအလို့ငှာ ယခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့တွင်  မူလတင်လှူ ပူဇော်ထားသော ရွှေထီးတော်ကြီးအား စေတီတော်ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ တည်ဆောက်ရေးကော်မတီများမှ ပြန်လည်ပင့်ဆောင်ခဲ့ပြီး စေတီတော်ဟောင်း ဖျက်သိမ်းခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် စေတီတော်ဟောင်း ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်း ပြီးစီးခဲ့ပြီဖြစ်သည်။


စေတီတော်ဟောင်း ဖြိုချဖျက်သိမ်းအပြီး၌ ယနေ့နံနက် (၇)နာရီတွင် မြို့နယ်ဩဝါဒစရိယဆရာတော်၊  ဘိုကလေးမြို့၊ ဇေယျာဘုံမြင့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးသုဇီဝနှင့် စေတီတော်တည်ဆောက်ရေး အကျိုးတော်ဆောင်ဆရာတော်ကြီးများ ကြွရောက်၍ စေတီတော်မြတ်ကြီး ပြန်လည်တည်ထားမည့် မြေနေရာအား မြေသန့်မင်္ဂလာ ပြုလုပ်နိုင်ရေးနှင့် ပန္ဒက်တော်တင်တွင်းတော်ဝန်းအတွင်း မဟာမင်္ဂလာ အခမ်းအနားများ ကျင်းပနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုကာ စေတီတော်အသစ်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များအား လိုအပ်သည်များကို အသေးစိတ် လမ်းညွှန်မှုပြုခဲ့ကြသည်။


စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် သူတော်စဉ်များက  ဝိုင်းဝန်း လှူဒါန်းမှုပြုကြရာ ယခုအချိန်တွင် စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း (၃၀၀၀) ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages