ကန့်ဘလူမြို့နယ်တွင် ပြည်သူစစ်မွမ်းမံသင်တန်း ထပ်မံ ပို့ချပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကန့်ဘလူမြို့နယ်တွင် ပြည်သူစစ်မွမ်းမံသင်တန်း ထပ်မံ ပို့ချပေးလျက်ရှိ

023

024

026

029


MNP ၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကျွန်းလှမြို့နယ် တန့်ဆည်မြို့နယ် ပြည်သူ့စစ်အထူးကွန်မန်ဒိုသင်တန်း၊ ပြည်သူ့စစ်ဌာနေမွမ်းမံသင်တန်း၊ ပြည်သူ့စစ်ဌာနေအခြေခံစစ်ပညာသင်တန်း နှင့် ပြည်သူ့စစ်ဌာနေ ဆေးပညာသင်တန်းများ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ ပြည်သူ့စစ်ဌာနေမွမ်းမံသင်တန်း(၃/၂၀၂၃)နှင့် ပြည်သူ့စစ်ဌာနေအခြေခံစစ်ပညာသင်တန်း (၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒေသခံပြည်သူများအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအဖြစ် ဒေသတွင်း အကြမ်းဖက်အန္တရာယ် ကာကွယ်နိုင်ရေး တပ်မတော်၏ အရန်အင်အားအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့် ဆရာတော်ဦးဝါသဝ ပူးပေါင်း၍ ကျေးရွာများသို့ လှည့်လည်ပြီး KIA/PDF အကြမ်းဖက်အန္တရာယ်ကာကွယ်နိုင်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် အကြမ်းဖက်အန္တရာယ် လျော့ပါးလာပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages