ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြုပ်သည့်ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြုပ်သည့်ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့




MNP ၊ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း မြေနိမ့်ရပ်ကွက်များဖြစ်သည့် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများနှင့် နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ်ကျောင်းနှင့် ဒက္ခိဏသာခါရာမကျောင်းတိုက်များရှိ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားသောက်နိုင်ရေး ဆန်၊ ဆီ၊ အသား၊ ငါး၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထားသည့် တိုင်းဒေသကြီးသဘောဝဘေးကွပ်ကဲမှုရုံး သွားရောက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးခန်းအလိုက် ကြီးကြပ်သူဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ခံများနှင့်တွေ့ဆုံခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများအလိုက် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေပေးထားရန်၊ ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ထားရှိပေးရန်၊ ရေဝင်ရောက်နေသည့် မြေနိမ့်ရပ်ကွက်များသို့ စက်လှေများဖြန့်ခွဲထားရှိရန်၊ ရေဘေးသတိပေးချက်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ရန်၊ ကားလမ်းရေကျော်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်နှင့် ရေဝင်ရောက်သည့်ရပ်ကွက်များအား လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် တက်ရောက်လာသည့် ရေဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံများနှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ခွဲထားရှိမှုနှင့် စားသုံးကုန်များ ထောက်ပံ့ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကယ်ဆယ်ရေးစခန်းများအတွက် ဆန်အိတ်(၁၀၀)နှင့် ဆီပိဿာ(၂၀၀)၊ ကြက်ဥ၊ ဘဲဥနှင့် ငါးများ ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။


ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအား ယနေ့ နေ့လယ်(၁၂)နာရီတွင် ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် (၇၄)စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး ပဲခူးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၂၂)ခု၌ လူဦးရေ(၅၆၄၈)ဦး လာရောက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)