ပုလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်၍ အသိပညာပေးနံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်၍ အသိပညာပေးနံရံကပ်စာစောင်ပြသ




MNP ၊ အောက်တိုဘာ  ၄

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ပုလောမြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်  ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။


ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုးက ဗလငါးတန်ဖွံ့ဖြိုးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လူတော်လူကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာနမှူး သားဖွားဆရာမ ဒေါ်ခင်မိုးသူစိုး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြစောနွယ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ယင်းနောက်  ကျောင်းသား/သူများကို ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


အေးအေးမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)