သာကေတမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

သာကေတမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

13

%E1%81%81%E1%81%82


MNP ၊ အောက်တိုဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက် နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်(၁:၀၀)အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၇/ရပ်ကွက်အတွင်းရှိ ခရီးသွားလာပြည်သူများနှင့် မြို့နယ်ပြည်သူ့လုံခြုံရေးတာဝန်အား ဆောင်ရွက်ကြသည့် ပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးညွှန့်ဝင်းမှ မှုခင်းကျဆင်းရေးဆိုင်ရာများလည်းကောင်း၊ အမှတ်(၃၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအောင်ဇော်ထွန်းမှ ဆိုင်ကယ်နှင့်ယာဉ်များ မောင်းနှင်ရာတွင်လိုက်နာရမည့် အခြေခံအချက်များ၊ လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများနှင့် ပတ်သက်၍ သတိပြုလိုက်နာရမည့် အချက်များ ၂၀၂၂ မော်တော်ယာဉ်နည်းဥပဒေပုဒ်မ (၂၉၇)ပါ  ယာဉ်မရပ်ရနေရာများ၊ မကွေ့ရနေရာများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။


ဆက်လက်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ပြည်သူ(၈၀)ဦးအား မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအောင်ဇော်ထွန်းနှင့်အဖွဲ့များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages