မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ စိုက်ပျိုး‌ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ စိုက်ပျိုး‌ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး




MNP ၊ အောက်တိုဘာ  ၁၆

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့်   ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍   မိုးစပါးစိုက်ပျိုးခြင်း၊ ဝါသီးနှံစိုက်ပျိုးခြင်း၊ မိုးမြေပဲနှင့် ဆောင်းမြေပဲစိုက်ပျိုးခြင်းများကို  မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်(၉)နာရီက တောင်ဦးကျေးရွာနှင့် လယ်လှကျေးရွာတို့တွင် တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ကွင်းများနှင့် ဝါသီးနှံစိုက်ခင်းများ မိုးမြေပဲနှင့် ဆောင်းမြေပဲ စိုက်ခင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း ဝါသီးနှံစိုက်ပျိုးခြင်း၊ မိုးမြေပဲနှင့် ဆောင်းမြေပဲစိုက်ပျိုးခြင်းတို့တွင် စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်အတွက် တောင်သူများ၏ လယ်ယာမြေများအတွင်း၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြေအောက်ရေတွင်းကို 550W ဆိုလာလေးချပ်တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံးဆိုလာမှ လျှပ်စစ်မီး 2200KW ထွက်ရှိကာ မြင်းကောင်ရေ 2.0hp မော်တာအသုံးပြု၍ စိုက်ပျိုးရေရှိအောင် ကူညီဆောင်ရွက်ပေးထားကြောင်း မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ သိရသည်။


 မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူ (၅၁)ဦး၊ အဖွဲ့ (၁၅)ဖွဲ့အတွက် ချေးငွေကျပ် (၁၁၈.၃၅)သန်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူ(၃၅)ဦး အဖွဲ့(၄)ဖွဲ့အတွက် ချေးငွေ(၄၉.၆၀)သန်း၊ MSMEလုပ်ငန်းအတွက်လုပ်ငန်းဆောင်ရွက်သူ (၂)ဦး၊ အဖွဲ့(၂)ဖွဲ့အတွက် ချေးငွေ(၆၀.၀၀)သန်း စုစုပေါင်း(၂၂၇.၉၅)သန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ MSMEလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                                                                           


ဇာဇာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)