ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး

17

18


MNP ၊ အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ နံနက်၉း၀၀နာရီမှမွန်းလွဲ ၂း၀၀ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီးအငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် ( ၇၉၅) ဦး၊ကာကွယ်ရေး ပင်စင် ( ၁၀၅၃) ဦး၊ နိုင်ငံရေး ပင်စင် ( ၁၁၂) ဦး၊ဘဏ်ပင်စင် ( ၁၇) ဦး စုစုပေါင်း (၂၃၇၇) ဦး ရှိကြောင်းသိရသည်။


အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီသက်တောင့်သက်သာစိတ်အေးချမ်းစွာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


ကိုကိုမင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages