မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ဆောင်ရွက်သည့် ရေသန့်စင်စက် တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ဆောင်ရွက်သည့် ရေသန့်စင်စက် တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

29


MNP ၊ အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဆောင်ရွက်သည့် ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရယ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း ၃၀ ဖြင့် ဆောင်ရွက်သည့် နားဖျိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တပ်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေသန့်စင်စက် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။


မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ဆောင်ရွက်သည့် ရေသန့်စင်စက်ကို မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။ အဆိုပါ ရေသန့်စင်စက်သည် တစ်ရက်လျှင် သောက်သုံးရေ ဂါလံ ၂၂၀၀ ကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages