ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၇) အထည်စက်ရုံ(မြစ်သား) တို့ကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၇) အထည်စက်ရုံ(မြစ်သား) တို့ကို ကြည့်ရှုစစ်ဆေး





MNP ၊ အောက်တိုဘာ ၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တာဝန်ရှိသူများနှင့်အတူ ၇-၁၀-၂၀၂၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) အစည်းအဝေးခန်းမ၌ လွတ်လပ်သောပညာရှင်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေ မန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံရည်ကျိုရုံအမှတ်(၁)အား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင်လည်း လေ့လာဆန်းစစ်ချက်(Feasibility Study)များ ပြုလုပ်ခဲ့ကြောင်း၊ ယခု သံရည်ကျိုရုံအမှတ်(၂)အပါအဝင် Phase-2နှင့် Phase-2Aတို့၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လည်း လေ့လာဆန်းစစ်ချက် (Feasibility Study) ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သောပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များနှင့် ပတ်သက်၍လည်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့်လည်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် လုပ်ငန်းပမာဏကို သတ်မှတ်သည့်အချိန် အတိုင်းအတာအတွင်း ပြီးစီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လွတ်လပ်သော ပညာရှင်အဖွဲ့ခေါင်းဆောင်က Feasibility Study ပြုလုပ်ရာတွင် တွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ(မြစ်သား)သို့ ရောက်ရှိပြီး ၂/၈၀ချည်များ ထုတ်လုပ်ထားရှိမှုအခြေအနေ၊ ၂/၈၀ချည်များဖြင့် ရက်လုပ်ထားသည့် ပုဆိုးများ၊ ၂/၈၀ချည်များ ရက်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တစ်ယူနစ်ထုတ်လုပ်မှုစရိတ်များ လျော့နည်းစေရေးအတွက် အလေအလွင့်မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ မိမိတို့ထုတ်လုပ်ထားသည့် ချည်များနှင့် ဈေးကွက်အတွင်းရှိ ချည်များ၏ အရည်အသွေးများကို နှိုင်းယှဉ်လေ့လာရန်၊ ၂/၈၀ချည်များ၏ ဈေးကွက်ရရှိမှု အခြေအနေများကို လေ့လာသွားရန် မှာကြားသည်။


စက်မှုဝန်ကြီးဌာနရှိ စက်ရုံများတွင်  ယခုအခါ ၂/၈၀ချည်များသည် တစ်ပင်ချင်းဆွဲဆန့်ခံနိုင်မှု၊ သတ်မှတ်ချည်နံပါတ်အတိုင်းရရှိမှုစသည့် အရည်အသွေးများနှင့် ကိုက်ညီမှုရှိ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ချည်ပေါင်(၄၀၀၀၀) ထုတ်လုပ်ပြီးဖြစ်သည်။ ဆက်လက်၍လည်း စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ၂/၈၀ ချည်များကို သတ်မှတ်အရည်အသွေး ရရှိစေရေးအတွက် လုပ်ငန်းစဉ်(၁၇)ခုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)