“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ပညာရေး/ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ပညာရေး/ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်







MNP ၊ အောက်တိုဘာ    ၁၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း ဟိုပန်ခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါသည်။


ပထမဦးစွာ ဥက္ကဋ္ဌ ဦးညီနပ်က အမှာစကားပြောကြားရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မြို့နယ်များတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခြေခံပညာ ကျောင်းပေါင်း (၆၀)ဖွင့်လှစ်၍ ဆရာ/ဆရာမဦးရေ (၅၁၆)ဦးဖြင့် ပညာသင်ကြားပေးလျက် ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း (၅၀)ကုတင်ဆံ့ဆေးရုံ(၁)ရုံ၊ (၂၅)ကုတင်ဆံ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ဆေးရုံ(၄)ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန(၂၈)ခုတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၁၆၁)ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ဒေသတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသည့်အတွက် တတ်နိုင်သ၍ ချီးမြှင့်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြာခဲ့ပါသည်။


ဆက်လက်၍ ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ဆန်၊ ဆီနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ရာ ပညာရေးဌာနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။ ထို့နောက်ဟိုပန်ခရိုင်ပညာရေးမှူး ဒေါ်နော်အံကြူးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။


ယနေ့တွင် ဟိုပန်ခရိုင်တွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်း (၃၀၈)ဦး၊ ကျန်းမာရေးဝန်ထမ်း(၇၅)ဦးတို့ကို တစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၃၀)လုံးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ 


အလားတူ“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်တွင်လည်း ပညာရေးဝန်ထမ်း(၁၅၈)ဦး၊ ကျန်းမာရေးဝန်ထမ်း(၅၉)ဦးတို့ကို တစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)ကျပ်သားနှင့် ကြက်ဥ(၃၀)လုံးစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)