MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ်အောက်တိုဘာလအတွက် ပင်စင်လစာငွေများကိုယခုလ၂၃ရက်နေ့မှ၂၇ရက်နေ့ထိဘဏ်ဖွင့်ရက်များတွင်နံနက်၇နာရီမှမွန်းလွဲ၃နာရီထိထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ(၇၅၈)ဦးရှိပြီး အဆိုပါသတ်မှတ်ရက်များတွင်အကြောင်းအမျိုးမျိုးကြောင့်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါကနိုဝင်ဘာလဆန်းပိုင်းတွင်ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီးကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင် ကြောင်း မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment