မိုင်းယောင်း၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းယောင်း၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

32

33

34


MNP ၊ အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ စီမံမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှ သယ်ယူလာသော ကြိုးတံတားအစိတ်အပိုင်းများသည် ယမန်နေ့က မိုင်းယောင်းမြို့နယ်သို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာနှင့် ဒွန်းနွဲ့အုပ်စု၊ ဒွန်းနွဲ့ကျေးရွာသို့ ရောက်ရှိလာသည့် ကြိုးတံတားအစိတ်အပိုင်းပစ္စည်းများ သတ်မှတ်နေရာတွင် ထားရှိနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကြိုးတံတားများ တည်ဆောက်ပြီးပါက ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ပေးမှုအတွက် ဒေသခံပြည်သူများ ဝမ်းသာပီတိဖြစ်နေကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages