MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၊ ရွာကြီးကျေးရွာအုပ်စု၊နားမူးတွေကျေးရွာ၌၊ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးကျော်ဝင်းက မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊
ဆက်လက်ပြီး တောင်သူ ဦးင/မှိုင်း၏ စံပြလယ်ကွက်ဖြစ်သော ကွင်းအမှတ်(၇၁၂)၊ ဦးပိုင်အမှတ်(၄၈/၂)၊ ရိတ်သိမ်းဧက ဒသမ(၁၀)ဧကကို ရိတ်သိမ်းခဲ့ပြီး အစိုအထွက်နှုန်း(၁၁၀.၂၅)တင်းနှင့် အခြောက်အထွက်နှုန်း(၁၀၁.၄၃)တင်း ထွက်ရှိကြောင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
အဆိုပါ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment