ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် ကဒါကျေးရွာခန်းမတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်းနှင့် မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာအေးမင်းတို့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဟောပြောပွဲတွင် (မွေး/ကု)ဌာန ခရိုင်ဦးစီးမှူးက ခွေးရူးရာဇဝင်၊ ခွေးရူးရောဂါဖြစ်ပွားရသောအကြောင်းအရင်း၊ မြန်မာနိုင်ငံနှင့် ခွေးရူးရောဂါအခြေအနေ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်း၊ ရောဂါလက္ခဏာ၊ လူတွင်ခွေးကိုက်ခံရပါက ရောဂါမဖြစ်အောင် ကာကွယ်သည့်နည်းလမ်း၊ သတိပြုလိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများအား ပညာပေးဟောပြောခဲ့ပြီး မြို့နယ်(မွေး/ကု) ဦးစီးဌာနမှတာဝန်ရှိသူများက ခွေးနှင့်ကြောင်များအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)