စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် သူနာပြုနှင့် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် သူနာပြုနှင့် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတက်ရောက်

19

20


MNP ၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် သူနာပြုနှင့် သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်းတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ မကြီး၊ သူနာပြုဆရာမကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအတွင်း ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများအား အရည် အသွေးပြည့်မီစွာ စောင့်ရှောက်နိုင်သည့် သူနာပြု ဆရာ/ဆရာမများဖြစ်စေရန်နှင့် သင်တန်းကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် လိုအပ်သည့်သင်ကြား/သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း အစဉ်အမြဲ လမ်းညွှန်မှုပေးခြင်း ကူညီထောက်ပံ့ပေးခြင်း ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် အနီးကပ်စောင့်ရှောက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော အင်အားစုကြီး(၃)ရပ်ဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအနက် သူနာပြုဆရာ/ဆရာမများသည်အရေးကြီးသော အင်အားစုကြီးတစ်ခုဖြစ်သောကြောင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် သူနာပြု ဆရာ/ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် အခြားသောကျန်းမာရေးစောင့်ရှောက်မှု ပေးသည့် ဝန်ထမ်းများနည်းတူ သူနာပြုနှင့် သားဖွားဆရာ/ဆရာမများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး ပြည်သူများအား အရည်အသွေး ပြည့်ဝသည့် ပြုစုကုသမှုပေးနိုင်ရေးအတွက် အလွန်အရေးကြီးသော အောင်လက်မှတ်များအား အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင်သို့ ဝင်ရောက် သည့် အခါတွင်လည်း သူနာပြုဆရာ/ဆရာမများအားလုံး အပြန်အလှန်လေးစားမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက သြဝါဒစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးက သင်ကြားရေး တာဝန်ခံ ကျောင်းအုပ် (သင်ကြား) ထံ အောင်လက်မှတ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး အခမ်းအနား ပထမပိုင်းကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံအမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (အေရိုးဗစ်) နှင့် Physical Fitness Dance ပြိုင်ပွဲများတွင် ဆုရရှိသော ပြိုင်ပွဲအသင်းများ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုရရှိသော  ကလေးခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော ယင်းမာပင် ခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းမှ Physicanl Fitness Dence ပြိုင်ပွဲတွင် ပထမဆုရရှိသော မုံရွာခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တစ်ယောက်ချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများ အား ဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က သုံးယောက်တွဲပြိုင်ပွဲတွင်  တတိယဆုရရှိသော စစ်ကိုင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဝင်းမြတ်စိုးက သုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ယင်းမာပင်ခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကိုးယောက်တွဲပြိုင်ပွဲတွင် တတိယဆု ရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးမှ ကိုးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသာ ယင်းမာပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။   


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အေရိုးဗစ် ကိုးယောက်တွဲပြိုင်ပွဲတွင် ပထမဆုနှင့် တံခွန်စိုက်ဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ အားရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) နှင့် Physicanl Fitness Dance ပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အင်အား ၁၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages