MNP ၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျုံကန်ကျေးရွာတွင် တောင်သူ ဦးဝင်းမြင့်၏ ကွင်းအမှတ်(၆၃၈ ဘီ)ဦးပိုင်(၃၄)တွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်၊ မှော်ဘီ(၃)အမျိုးအစား မိုးစပါးစိုက်ခင်းဧက(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉)နာရီက စတင်ရိတ်သိမ်းကျင်းပခဲ့ကြောင်း သိရသည်။
ရိတ်သိမ်းပွဲတွင် တစ်ဧကလျှင် အစိုထွက် စပါး ၁၂၈ တင်းနှင့် အခြောက်ထွက် စပါး ၁၀၈ တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးသန်းနှင့်ဝန်ထမ်းများ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment