MNP ၊ အောက်တိုဘာ ၂၈
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသော ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ တပ်ပိုးကျေးရွာ၊ ရန်အောင်မြင် ထန်းတောကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ထန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်နှင့် ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒက္ခိဏသီရိမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင် ထန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရန်အောင်မြင် ထန်းတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် (၁၈)ဆူနှင့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ရန်အောင်မြင် ထန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပိုဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုကာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ကျေးရွာ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရ မထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ကျေးရွာ အုန်းတောပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် Irrawaddy Green Towers Ltdတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် ရှေးဦးပြုစုခြင်း အတတ်ပညာသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် နာမကျန်းဖြစ်သူများကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံ မရောက်မီ လူနာများ၏ အသက်မဆုံးရှုံးစေရေး၊ ဒဏ်ရာအခြေအနေ ပိုမိုမဆိုးဝါးစေရေးနှင့် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကနဦး ရှေးဦးပြုစုပေးခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းကို ဆောင်ရွက်ရသည့် ပညာရပ်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များနှင့် ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်ပြီး အများပြည်သူနှင့်အတူ နိုင်ငံ့အကျိုး၊ ပြည်သူများ၏ အကျိုးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ကြက်ခြေနီတပ်ဖွဲ့များအတွက် ကြက်ခြေနီတပ်ဖွဲ့ဝတ်စုံများကို လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ အဆိုပါ သင်တန်းသို့ ရန်အောင်မြင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရွှေမင်းအေးကုမ္ပဏီမှ ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ ကျေးရွာချင်း ဆက်လမ်း၊ မူလကတ္တရာ လမ်းဟောင်းအား ကြိတ်ဖွခြင်းနှင့် ရိစာ(၉)လက်မခင်းခြင်း (၂၈၅၀ ပေx ၁၂ ပေ × ၇လက္မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော် ကောင်စီငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Top Strength Nay Pyi Taw ကုမ္ပဏီမှ ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောရွာတွင်းလမ်း၊ မူလကတ္တရာ လမ်းဟောင်းအား ဖွကြိတ်ခြင်းနှင့်ရိစာ(၉)လက်မ ခင်းကြိတ်ခြင်း(၂၅၂၀ ပေ x ၁၂ပေ × ၇လက္မ) ကွန်ကရစ် လမ်းခင်းခြင်း၊ Box Culvert (၂o ပေ x ၃ ပေx ၃ ပေ) တစ်စင်းဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စံချိန်စံညွှန်း ပြည့်မီစေရေး၊ ရေရှည့်ကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား(ကျောက်ချက်) (၂၁၀ပေ) (၄)လမ်းသွား တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ၊ တံတား ပတ်ဝန်းကျင်နှင့် ချောင်းအတွင်း သန့်ရှင်းသာယာစေရေးအတွက် ချုံနွယ်များ၊ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆင်သေချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ဘူးကွဲချောင်း (ရာဇသင်္ဂဟလမ်းနှင့် ဧရာဝတီလမ်းထောင့်) မြေထိန်းကျောက်စီမြောင်း ဆောင်ရွက်နေမှု၊ ရာဇသင်္ဂဟလမ်းဘေး မြေယာရှုခင်းဆောင်ရွက်နေမှုနှင့် ဘူးကွဲချောင်း (ရာဇသင်္ဂဟလမ်းနှင့် ပိတောက်လမ်းထောင့်) မြေထိန်းကျောက်စီမြောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment