MNP ၊ အော်တိုဘာ ၃၀
မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ပြည်သူများအား တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်က ဆက်တိုက်နှိမ်နင်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သိန္နီမြို့ အနီးဝန်းကျင်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူ တချို့ကို အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
အလားတူ လောက်ကိုင်မြို့ရှိ တပ်စခန်းအနီး ရှေ့ထွက်မိုင်းလာထောင်သူ တစ်ဦးအား အသေဖမ်းဆီးရမိပြီး ကွတ်ခိုင်မြို့နယ်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူ ၉ဦး ထက်မနည်း အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသူ ပြင်ဦးလွင် - နောင်ချို ကြားတွင်လည်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် (၂၆-၁၀-၂၀၂၃) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် နောင်ချိုမြို့နှင့် အနီးဝန်းကျင်တွင်လည်းကောင်း၊ ကွတ်ခိုင်အနီးဝန်းကျင်တွင်လည်းကောင်း တပ်ဖြန့်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment