မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ (၅၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ (၅၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

68

69


MNP ၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်း၊ ဘိုးဘွားများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က နိုင်ငံတော်က လူမှုဝန်ထမ်းမှတစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်သို့အရောက် သွားရောက် ထောက်ပံ့ပေးစေချင်ကြောင်း အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုရေးပင်စင် ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ သက်ကြီးဘိုးဘွားများ တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုတို့မှ သက်ကြီးဘိုးဘွားများ (၅၅)ဦးတို့အတွက် စုစုပေါင်းငွေကျပ်(၁၆၅၀၀၀၀)အား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတို့ထံ တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ  ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား လက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages