ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြင်ဦးလွင် ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြင်ဦးလွင် ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး









MNP ၊ အောက်တိုဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးအောင်ကျော်မိုး၊ တိုင်းပါတီအတွင်းရေးမှူး ဦးညွှန့်ဆောင်၊ တိုင်းကော်မတီဝင်များနှင့်အတူ (၁၀.၉.၂၀၂၃)ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြင်ဦးလွင်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မှ အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပါတီ၏ဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံးဆိုသည်အတိုင်း တိုင်းပြည်ကောင်းအောင်လုပ်မည်ဟူသော စိတ်ဓာတ် ထားရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းရှိမှ တိုးတက်မည်ဖြစ်၍ စည်ကမ်းရှိရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိရန်လည်းလိုအပ်ကြောင်း၊ စိတ်ဓာတ်ပါကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှအောင်မြင်မည်၊ တိုးတက်မည်ဖြစ်၍ စည်းလုံးညီညွတ်မှုသည် လွန်စွာအရေးကြီးကြောင်း၊ ယခုတွေ့ဆုံပွဲသိုတက်ရောက်လာသူများ အနေနှင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း သို့မှသာအခြေအနေမှန်များကိုသိရှိရမည်ဖြစ်ကြောင်း ဦးစွာနှုတ်ခွန်းဆက် အမှာစကားပြောကြား ပါသည်။


၎င်းနောက်တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီတာဝန်ရှိသူများမှ တစ်ဦးချင်းစီမိတ်ဆက်၍ မိမိတို့ တာဝန်ယူထားရသောနယ်မြေအလိုက် ကဏ္ဍအလိုက်၊ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌမှ ပါတီဝင်အင်အားစာရင်းစိစစ်မှုအခြေအနေကို အသေးစိတ် တင်ပြဆွေးနွေးခဲ့သည်။


တင်ပြဆွေးနွေးမှုများအပေါ် မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်းသင်းနှင့် တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့မှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယဥက္ကဋ္ဌမှ ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ရန်ဖွဲ့စည်းထားသော ပါတီဖြစ်၍နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပါတီဝန်းရံအင်အားများ၊ ပါတီကိုထောက်ခံမဲပေးမည့်သူများ တိုးပွားအောင်ဆောင်ရွက်ရမည်၊ စုစည်းရမည်၊ စည်းရုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တိုးတက်အောင်လည်းအ ားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း က အကူအညီလိုအပ်နေသော ပါတီဝင်များအားတွေ့ဆုံ၍ အားပေးနှစ်သိမ့်စကားပြောကြားကာ ထောက်ပံ့ငွေပေးများအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)